(၁)။ အကျိုးတရား ၂-ပါး
၁။ အတ္တဟိတ-မိမိအကျိုးရှိမှုကို ပြုလုပ်ခြင်း။
၂။ ပရဟိတ-သူတပါး အကျိုးရှိမှုကို ပြုလုပ်ခြင်း။
(၂) အနိယတ ရဟန်းသိက္ခာပုဒ် ၂-ပါး
၁။ ရဟန်းသည် မိန်းမနှင့် အကာအကွယ်ရှိသော အများမမြင်သောနေရာ၌ ၂-ယောက်တည်း အတူမနေရ။
၂။ ရဟန်းသည် မိန်းမနှင့် အကာအကွယ်မရှိသော အများမကြားရသော နေရာ၌ အတူမနေရ။
(၃) အပ္ပမညစေတသိက် ၂-ပါး
၁။ ကရုဏာ-ဆင်းရဲသူများကို မြင်က သနားခြင်း။
၂။ မုဒိတ-ချမ်းသာမှု ရသူများကို မြင်ပါက ဝမ်းမြောက်ခြင်း။
(၄) အစိုးမရသော တရား ၂-ပါး
၁။ မိုဃ်း-မိုဃ်းသည် ရွာမလိုလိုနှင့် မရွာဘဲ ဖြစ်တတ်၏။
မရွာဘူးလိုလိုနှင့် ရွာတတ်၏။
သူ့သဘောကိုမည်သူမှ အစိုးမရ။
၂။ နွားသိုး-နွားသိုးသည် စိတ်ကောင်းရှိသည် မရှိသည်ဟု မသိ။
သူဝှေ့လိုသည့်အခါ သခင်ကိုပင် ပြန်ဝှေ့၏။
သူ့သဘောကို အစိုးမရ။
(၅) အုပ်စု ၂-မျိုး
၁။ ဝဂ္ဂ-မညီညွတ်သော အုပ်စု။
၂။ သမဂ္ဂ-ညီညွတ်သော အုပ်စု။
(၆) ကုသိုလ် ၂-မျိုး
၁။ လောကီကုသိုလ်-ဒါန, သီလ စသော ဘာသာရေးဆိုင်ရာ ပြုလုပ်မှု ကုသိုလ်။
၂။ လောကုတ္တရာကုသိုလ်-လောကမှ ထွက်မြောက်ရန် ဝိပဿနာ ပြုကျင့်မှု ကုသိုလ်။
(၇) ကျေးဇူးရှိသော တရား ၂-ပါး
၁။ သတိ-အော်ကမေ့မှု တရား။
၂။ သမ္ပဇဉ်-ဆင်ခြင်ဉာဏ်ရှိမှုတရား။
(၈) ကျေးဇူးဆပ်၍ မကုန်နိုင်သူ ၂-ဦး
၁။ မွေးသည့် မိခင်။
၂။ ကျွေးသည့် ဖခင်။
(၉) ခုနစ်နှဏ်အရွယ် ရဟန်းအမေါရသော သာမဏေ ၂-ပါး
၁။ သုမဏ သာမဏေ။
၂။ သောပါက သာမဏေ။
(၁၀) ချမ်းသာခြင်း ၂-မျိုး
၁။ ကာယသုခ-ကိုယ်၏ ချမ်းသာခြင်း။
၂။ စိတ္တသုခ-စိတ်၏ ချမ်းသာခြင်း။
(၁၁) ဆင်ခြင်အပ်သောတရား ၂-ပါး
၁။ ချီးမွမ်းလဲ မစောနဲ့။
၂။ အပြစ်တင်လဲ မစောနဲ့။
(၁၂) ဆင်းရဲခြင်း ၂-မျိုး
၁။ ကာယိကဒုက္ခ-ကိုယ်၏ ဆင်းရဲခြင်း။
၂။ စေတသိကဒုက္ခ-စိတ်၏ ဆင်းရဲခြင်း။
(၁၃) ဒါန ၂-မျိုး
၁။ ဇီဝိတဒါန-အပြစ်ရှိသူကို အသက်ဘေးမှ ချမ်းသာပေးခြင်း။
၂။ အဘယဒါန-အပြစ်ရှိသူကို အပြစ်ဒဏ်ဘေးမှ ချမ်းသာပေးခြင်း။
(၁၄) ဓူရ ၂-ပါး
၁။ ဂန္ထဓူရ-စာပေပရိယတ္တိ သင်အံပို့ခြင်း။
၂။ ဝိပဿနာဓူရ-ဝိပဿနာ ကျင့်ကြံအားထုတ် ပွားများခြင်း။
(၁၅) နိဗ္ဗာန်ပရိယာယ် ၂-ပါး
၁။ သဥပါဒိသေသနိဗ္ဗာန်=ခန္ဓာရှိစဉ် ရအပ်သော နိဗ္ဗာန်၊ (ရဟန္တာအဖြစ်ကို ဆို၏)။
၂။ အနုပါဒိသေသနိဗ္ဗာန်=ခန္ဓာချုပ်ငြိမ်း၍ ပရိနိဗ္ဗာတ်ပြုသဖြင့် ရအပ်သော နိဗ္ဗာကို ဆို၏။
(၁၆) ပညာ ၂-မျိုး
၁။ လောကီပညာ=ဝိဇ္ဇာ, သိပ္ပံ, ပညာ သင်ကြားတတ်မြောက်မှု။
၂။ လောကုတ္တရာပညာ=လောကမှထွက်မြောက်ရန် ကျင့်ရမည်ဖြစ်သော ဝိပဿနာပညာ။
(၁၇) ပညာရှိ ၂-မျိုး
၁။ မိမိ၌ ရှိသောအပြစ်ကို အပြစ်ဟု ရှုသောသူ။
၂။ အမှားကို ဝန်ချတောင်းပန်သည်ကို တရားသဘောအရ လက်ခံသူ။
(၁၈) ပယ်အပ်သော တရား ၂-ပါး
၁။ အဝိဇ္ဇာ=သစ္စာလေးပါး မသိခြင်း တရား။
၂။ တဏှာ=တွယ်တယတပ်မက်ခြင်း တရား။
(၁၉) ပွားများအပ်သော တရား ၂-ပါး။
၁။ သမထ=စိတ်၏ တည်ငြိမ်မှု ရရှိခြင်း။ ဈာန်တရားကို ဆို၏။
၂။ ဝိပဿနာ=အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာသုံးပါးကို အထူးဆင်ခြင်မှု။
(၂၀) ပိုင်းခြား၍ သိအပ်သောတရား ၂-ပါး
၁။ ရုပ်=ထင်ရှားရှိသော ခန္ဓာကိုယ်။
၂။ နာမ်-အာရုံကို သိခြင်းသဘောတရား။
(၂၁) ဘာဝရုပ် ၂-ပါး
၁။ ဣတ္ထိဘာဝရုပ်-မိန်းမ၏အသွင် ပုံသဏ္ဍာန်။
၂။ ပုမ္ဘာဝရုပ်-ယောက်ျား၏အသွင် ပုံသဏ္ဍာန်။
(၂၂) မသင့်သောအယူ ၂-မျိုး
၁။ သဿတ ဒိဋ္ဌိ=မရှိသည်ကို ရှိသည်ဟူ၍ ထင်မှတ်ခြင်း။
၂။ ဥစ္ဆေဒ ဒိဋ္ဌိ-ရှိသည်ကို မရှိဟူ၍ ထင်မှတ်ခြင်း။
(၂၃) မြတ်စွာဘုရား၏ အရံ ရဟန္တာ ၂-ပါး
၁။ ရှင်သာရိပုတ္တရာထေရ်-လက်ျာရံ။
၂။ ရှင်မေဂ္ဂလာန်ထေရ်-လက်ဝဲရံ။ (အံ)
(၂၄) မြတ်စွာဘုရား၏ အရံ ရဟန္တာ ၂-ပါး
၁။ ခေမာထေရီ-လက်ျာရံ။
၂။ ဥပ္ပလဝဏ်ထေရီ-လက်ဝဲရံ။ (အံ)
(၂၅) ရဟန်းတော်များ ဝါကပ်ခြင်း ၂-မျိုး
၁။ ပုရိမဝါ-ဝါဆိုလပြည့်ကျော် ၁-ရက် ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့ ဝါကျွတ်၏။
၂။ ပစ္ဆိမဝါ-ဝါခေါင်လပြည့်ကျော် ၁-ရက် ဝါကပ်၍ တန်ဆော်ငမုန်းလပြည့်နေ့ ဝါကျွတ်၏။
(၂၆) ရနိုင်ခဲသော ပုဂ္ဂိုလ် ၂-ယောက်
၁။ ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူ ရနိုင်ခဲ၏။
၂။ ကျေးဇူးကို သိ၍ တုံ့ပြန်တတ်သောသူ ရနိုင်ခဲ၏။
(၂၇) ရှေးဦးစွာ သရဏဂုံတည်သူ ၂-ယောက်
၁။ တပုဿ။
၂။ ဘလ္လိက-ကုန်သည် ညီနောင်။
(၂၈) လူမိုက် ၂-မျိုး
၁။ မိမိ၌ရှိသောအပြစ်ကို အပြစ်ဟု မရှုသူ။
၂။ အမှားကို ဝန်ချတောင်းပန်သည်ကို တရားသဘောအရ လက်မခံသူ။
(၂၉) လောကပါလတရား ၁-ပါး
၁။ ဟိရီ=မကောင်းမှု ပြုလုပ်ခြင်းမှ ရှက်ခြင်း။
၂။ သြတ္တပ္ပ=မကောင်းမှု ပြုလုပ်ခြင်းမှ ကြောက်ခြင်း။
(၃၀) သမ္ပတ္တိ ၂-မျိုး
၁။ ဘောဂသမ္ပတ္တိ=ဥစ္စာစည်းစိမ် ပေါများ ပြည့်စုံခြင်း။
၂။ ပရိဝါရသမ္ပတ္တိ=အခြွေအရံ ပရိသတ် များပြား ပြည့်စုံခြင်း။
(၃၁) သရဏဂုံ ပျက်ခြင်း ၂-မျိုး
၁။ သာဝဇ္ဇဘေဒ=ဘာသာအယူ ပြောင်းသွား၍ သရဏဂုံ ပျက်ခြင်း ဖြစ်၏။
၂။ အနဝဇ္ဇ သုခဝိပါကဘဒ=သေဆုံးခြင်းကြောင့် နတ်ရွာ သုဂတိသို့ လား၍ သရဏဂံ ပျက်ခြင်း ဖြစ်၏။
(၃၂) သမာဓိ ၂-ပါး
၁။ ဥပစာရ သမာဓိ=အနီးအပါး၌ တည်ာကည်မှု ရရှိခြင်း။
၂။ အပ္ပနာ သမာဓိ=အပ္ပနာဈာန်၌ဖြစ်သော တည်ကြည်မှု ရရှိခြင်း။
(၃၃) သဒ္ဓါတရား၌ စံထားအပ်သော ဥပါသကာ ၂-ယောက်
၁။ စိတ္တသူကြွယ်။
၂။ ဟတ္ထက (ခေါ်) အာဠဝက မင်းသား။
(၃၄) သဒ္ဓါတရား၌ စံထားအပ်သော ဥပါသိကာမ ၂-ယောက်
၁။ ခုဇ္ဇုတ္တရာ ဥပါသိကာမ။
၂။ နန္ဒမာတာ ဥပါသိကာမ (ဝေဠုကဏ္ဍကီရွာသူ နန္ဒမိခင်)
(၃၅) သာဝက ၂-မျိုး
၁။ ပုထုဇဉ် သာဝက-ဘုရားအဆုံးအ၌ တည်သော သာမန်ပုဂ္ဂိုလ်များ။
၂။ အရိယာ သာဝက-အရိယာဂိုဏ်းဝင် ပုဂ္ဂိုလ်များ။
(၃၆) သာသနာ ပျက်စီးခြင်း တရား ၂-ပါး
၁။ မကောင်းသဖြင့် ရအပ်သော မှားသော ပုဒ်ဗျည်း အက္ခရာ။
၂။ မကောင်းသဖြင့် သိအပ်သော မှားသောအနက် အဓိပ္ပါယ်။
(၃၇) သီလ ၂-ပါး
၁။ စာရိတ္တသီလ-မိမိဆိုင်ရာ သီလဖြစ်သော ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်း။
၂။ ဝါရိတ္တသီလ-ကျင့်ပြီးသော သီလကို မပျက်စေအောင် ကိုယ်တွေ့ကြုံပါက ရှောင်နိုင်ခြင်း။
(၃၈) သစ္စာ ၂-ပါး
၁။ သမ္မုတိ သစ္စာ-လူ, နတ်, ဗြဟ္မာ, ရေ, မြေ, တော, တောင်, သမုဒ္ဒရာ ဟု ပညတ် မှန်ကန်ခြင်း။
၂။ ပရမတ္ထ သစ္စာ-နိဗ္ဗာန်ဟု ပတ် မှန်ကန်ခြင်း။
(၃၉) သုတ္တံ ၂-မျိုး
၁။ သဘာဝသုတ္တံ-မြတ်စွာဘုရားလက်ထက်၌ မျက်မှောက် ဖြစ်ပျက်ပုံကို ဟောကြားမှုများကို ဆို၏။
၂။ အဘာဝသုတ္တံ-မျက်မှောက်မရှိ အတိတ်ကိုဆောင်၍ ဟောကြားမှု။ (၅၅၀-ဇာတ်များ)
(၄၀) သန္တာန် ၂-ပါး
၁။ အဇ္ဈတ္တသန္တာန်-မိမိကိုယ်အတွင်း၌ရှိသော ပုံသန္တာန်။
၂။ ဗာဟိရသန္တာန်-အပြင်အပ၌ရှိသော ပုံသန္တာန်။
(၄၁) မယားနှင့်လင် အပြစ်မတင်အပ်သော တရား ၂-ပါး
၁။ မယားနှင့်လင်၊ အပြစ်တင်၊ နေ့စဉ်မလွဲ ရန်ဖြစ်မြဲ။
၂။ လင်နှင့်မယား၊ မေတ္တာပွား၊ ကြီးမားလွန်ကဲ ချမ်းသာမြဲ။
(၄၂) တပည့် ဆရာ အပြစ်မရှာသင့်သော တရား ၂-ပါး
၁။ တပည့် ဆရာ၊ အပြစ်ရှာ၊ ဘယ်ခါမလွဲ တွေ့စမြဲ။
၂။ ဆရာတပည့်၊ ကျေးဇူးသိ၊ ကြီးဘိလွန်ကဲ ချမ်းသာမြဲ။
(၄၃) ရှေးဦးဆရာ မည်ထိုက်သူ ၂-ဦး
၁။ အမိ
၂။ အဘ
မေမေ, ဖေဖေ, မံမံ, ချိုချို, ကိုကို, မမ, ဖိုးဖိုး, ဖွားဖွား, စသည်အားဖြင့် ကလေးငယ်အား လိမ္မာသည့်စကား ဖြစ်စေ၊ မလိမ္မာသည့် စကားဖြစ်စေ၊ တတ်သိနားလည်အောင် ရှေးဦးစွာ သင်ပေးသူမှာ အမိနှင့် အဖသာ ဖြစ်ပေသည်။ (သို့ကြောင့်) “ရှေးဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ ”ဟူ၍ စာဆိုရှိခဲ့ပေသည်။
မှတ်ချက်။ ။ ပုဗ္ဗ-သဒ္ဒါသည် ရှေးဦးစွာဟု ဟော၏။ အာစရိယ-သဒ္ဒါသည် ဆရာ-ဟု ဟော၏။
(၄၄) စွပ်စွဲတတ်ကြောင်း ၂-မျိုး
၁။ မရှိ ခိုးနိုး။
၂။ မလှ စုံးမျိုး။
(၄၅) ပုထုဇသ် ၂-မျိုး
၁။ ကာလျာဏ ပုဖုဇဉ်-ကံ ကံ၏အကျိုးကို ယုံကြည်သူ။
၂။ ဗာလ ပုထုဇဉ်-ကံ ကံ၏အကျိုးကို မယုံကြည်သူ။
(၄၆) ပြင်မရသော အရာ ၂-မျိုး
၁။ အတိတ်ကံ နှင့်
၂။ ဝမ်းတွင်းပါ ဗီဇ-ပြင်မရ။
(၄၇) မြန်မာပြည်သို့ သာသနာ ယူဆောင်လာသော မထေရ် ၂-ပါး
၁။ အရှင်ဥတ္တရ မထေရ်။
၂။ အရှင်သောဏ မထေရ်။
(၄၈) သိမ် ၂-မျိုး
၁။ ဗဒ္ဓသိမ်-ဉတ်ကမ္မဝါစာတို့ဖြင့် ဖွဲ့စည်းအပ်သော သိမ်။
၂။ အဗဒ္ဓသိမ်-သူ့အလိုအလျောက်ဖြစ်သော သိမ်။
နိဋ္ဌိတံ
စိန္တာမဏိ ဦးချစ်မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment