Pages

Subscribe:

Sample text

Ads 468x60px

Followers

Featured Posts

Tuesday, December 4, 2012

ရိပ်သာဖွင့်ပွဲ, ကျောင်းရေစက်ချပွဲ, နှင့် ကထိန်ပွဲ

ပညာပါရမီ သာသနာ့ရိပ်သာ ဖွင့်ပွဲ, ပညာအလင်းပြဆောင် ရေစက်ချပွဲ နှင့် 
ပထမအကြိမ် ကထိန်သက်န်း ဆက်ကပ်လှူဒါန်းပွဲ 
မှတ်တမ်း ဓာတ်ပုံများ
(နိုဝင်ဘာလ ၂၈-ရက် ၂၀၁၂)

















Monday, July 16, 2012

ရေတွင်းတူးရေး နေရာရွေး

ပညာပါရမီ သာသနာ့ရိပ်သာ သြဝါဒါစရိယ ဆရာတော် ဦးဓမ္မသာမိ (မော်လူး)၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သန္ဓေပင်အုပ်စု ပိန္နဲကုန်း ကျေးရွာအနီးရှိ ပညာပါရမီ သာသနာ့ရိပ်သာအတွင်း
ရဟန်း ရှင် လူ ယောဂီ သူတော်စင်များ ကိုယ်-စိတ် နှစ်ပါး ချမ်းသာစွာဖြင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြစေရန် ရည်သန်၍ ရေတွင်း ရေကန် တူးဖော်ရန် အထူးလိုအပ်လျက်ရှိပါသည်၊
သို့ဖြစ်ပါ၍ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရေတွင်းတူးရေး နေရာရွေး---


အကျိုးဆောင်အဖွဲ့
ပညာပါရမီ သာသနာ့ရိပ်သာ
ဖုန်း (၂၄၀)၂၇၇-၆၆၆၁ (USA)

Wednesday, July 11, 2012

ပညာအလင်းပြ အဆောင်သစ်

ရန်ကုန်တိုင်း မော်ဘီမြို့နယ် သန္ဓေပင်အုပ်စု ပိန္နဲကုန်းကျေးရွာအနီး
ပညာပါရမီ သာသနာ့ရိပ်သာအတွင်း ဆောက်လုပ်ဆဲ
ပညာအလင်းပြ အဆောင်သစ်

















အကျိုးဆောင်အဖွဲ့
ပညာပါရမီ သာသနာ့ရိပ်သာ
ဖုန်း(၂၄၀)၂၇၇-၆၆၆၁ (USA)

Thursday, June 14, 2012

ပညာပါရမီ သာသနာ့ရိပ်သာ ပေါ်ထွက်လာ

ပါရမီရှင် သူတော်စင်အပေါင်းတို့ ---
လောကုတ် လောကီ နှစ်လီတိုးပွား အကျိုးများစေဘို့ရန်အတွက် ရန်ကုန်မြို့ လှည်းတန်းမြို့နယ် အမှတ်(၇) မြဇေယျာလမ်းနေ ဦးသောင်းညွန့်+ဒေါ်သဉ္ဇာဌေး မိသားစုတို့က ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ပိန္နဲကုန်းကျေးရွာ အနီးရှိ (၃-ဧက)သော မြေနေရာကို ပညာပါရမီ သာသနာ့ရိပ်သာ ကျောင်းမြေအဖြစ် လှူဒါန်းပါသဖြင့် ဆရာတော် ဦးဓမ္မသာမိ (မော်လူး) (ခေတ္တ-USA) ဦးဆောင်၍ ဦးသောဘန(ခင်ဦး), ဦးရံသိန္ဓရ(ကလေး), ဦးဝိဇယ(ရွှေသြဇာဆရာတော်-ခေတ္တ USA), ဦးဓမ္မဒိန္န(နန်းမား)(ယခု ခင်ဦး-ပညာပါရမီ ဆရာတော်) တို့နှင့် လက်တွဲကာ လောကီပညာပေး-လောကုတ္တရာပညာပေး သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားကြမည် ဖြစ်ပါ၍ သာသနာပြုကုသိုလ်များ ရယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အရှင်ဓမ္မသာမိ (မော်လူး)
မင်္ဂလာရာမကျောင်းတိုက်
(ခေတ္တ-အမေရိက)
ဖုန်း (၃၀၁) ၄၃၉-၄၀၃၅။ (၂၄၀) ၂၇၇-၆၆၆၁။

ပညာပါရမီ သာသာနာ့ရိပ်သာ ဆရာတော်များ ---
၁။ ဦးဓမ္မသာမိ (မော်လူး) (ခေတ္တ-USA)
ပညာပါရမီ သာသနာ့ရိပ်သာ သြဝါဒါစရိယ ဆရာတော်။
၂။ ဦးသောဘန (ခင်ဦး)
ပညာပါရမီ သာသနာ့ရိပ်သာ နာယက ဆရာတော်။
၃။ ဦးရံသိန္ဓရ (ကလေး)(ယခု မှော်ဘီ ပညာပါရမီ သာသနာ့ရိပ်သာ)
ပညာပါရမီ သာသနာ့ရိပ်သာ နာယက ဆရာတော်။
၎။ ဦးဝိဇယ (ရွှေသြဇာ ဆရာတော်-ခေတ္တ USA)
ပညာပါရမီ သာသနာ့ရိပ်သာ နာယက ဆရာတော်။
၅။ ဦးဓမ္မဒိန္န (နမ်းမား) (ယခု ခင်ဦး-ပညာပါရမီ ပညာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ-ဆရာတော်) 
ပညာပါရမီ သာသနာ့ရိပ်သာ နာယက ဆရာတော်။

ဖေဖော်ဝါရီ ၂၂-ရက်၊ ဗုဒ္ဓဟူးနေ့ ၂၀၁၂-က လွှဲပြောင်းလှူဒါန်း
မှတ်တမ်း ဓာတ်ပုံများ---

Monday, February 27, 2012

၂-ပါးသော တရားများ

(၁)။ အကျိုးတရား ၂-ပါး
၁။ အတ္တဟိတ-မိမိအကျိုးရှိမှုကို ပြုလုပ်ခြင်း။
၂။ ပရဟိတ-သူတပါး အကျိုးရှိမှုကို ပြုလုပ်ခြင်း။

(၂) အနိယတ ရဟန်းသိက္ခာပုဒ် ၂-ပါး
၁။ ရဟန်းသည် မိန်းမနှင့် အကာအကွယ်ရှိသော အများမမြင်သောနေရာ၌ ၂-ယောက်တည်း အတူမနေရ။
၂။ ရဟန်းသည် မိန်းမနှင့် အကာအကွယ်မရှိသော အများမကြားရသော နေရာ၌ အတူမနေရ။

(၃) အပ္ပမညစေတသိက် ၂-ပါး
၁။ ကရုဏာ-ဆင်းရဲသူများကို မြင်က သနားခြင်း။
၂။ မုဒိတ-ချမ်းသာမှု ရသူများကို မြင်ပါက ဝမ်းမြောက်ခြင်း။

(၄) အစိုးမရသော တရား ၂-ပါး
၁။ မိုဃ်း-မိုဃ်းသည် ရွာမလိုလိုနှင့် မရွာဘဲ ဖြစ်တတ်၏။
မရွာဘူးလိုလိုနှင့် ရွာတတ်၏။
သူ့သဘောကိုမည်သူမှ အစိုးမရ။
၂။ နွားသိုး-နွားသိုးသည် စိတ်ကောင်းရှိသည် မရှိသည်ဟု မသိ။
သူဝှေ့လိုသည့်အခါ သခင်ကိုပင် ပြန်ဝှေ့၏။
သူ့သဘောကို အစိုးမရ။

(၅) အုပ်စု ၂-မျိုး
၁။ ဝဂ္ဂ-မညီညွတ်သော အုပ်စု။
၂။ သမဂ္ဂ-ညီညွတ်သော အုပ်စု။

(၆) ကုသိုလ် ၂-မျိုး
၁။ လောကီကုသိုလ်-ဒါန, သီလ စသော ဘာသာရေးဆိုင်ရာ ပြုလုပ်မှု ကုသိုလ်။
၂။ လောကုတ္တရာကုသိုလ်-လောကမှ ထွက်မြောက်ရန် ဝိပဿနာ ပြုကျင့်မှု ကုသိုလ်။

(၇) ကျေးဇူးရှိသော တရား ၂-ပါး
၁။ သတိ-အော်ကမေ့မှု တရား။
၂။ သမ္ပဇဉ်-ဆင်ခြင်ဉာဏ်ရှိမှုတရား။

(၈) ကျေးဇူးဆပ်၍ မကုန်နိုင်သူ ၂-ဦး
၁။ မွေးသည့် မိခင်။
၂။ ကျွေးသည့် ဖခင်။

(၉) ခုနစ်နှဏ်အရွယ် ရဟန်းအမေါရသော သာမဏေ ၂-ပါး
၁။ သုမဏ သာမဏေ။
၂။ သောပါက သာမဏေ။

(၁၀) ချမ်းသာခြင်း ၂-မျိုး
၁။ ကာယသုခ-ကိုယ်၏ ချမ်းသာခြင်း။
၂။ စိတ္တသုခ-စိတ်၏ ချမ်းသာခြင်း။

(၁၁) ဆင်ခြင်အပ်သောတရား ၂-ပါး
၁။ ချီးမွမ်းလဲ မစောနဲ့။
၂။ အပြစ်တင်လဲ မစောနဲ့။

(၁၂) ဆင်းရဲခြင်း ၂-မျိုး
၁။ ကာယိကဒုက္ခ-ကိုယ်၏ ဆင်းရဲခြင်း။
၂။ စေတသိကဒုက္ခ-စိတ်၏ ဆင်းရဲခြင်း။

(၁၃) ဒါန ၂-မျိုး
၁။ ဇီဝိတဒါန-အပြစ်ရှိသူကို အသက်ဘေးမှ ချမ်းသာပေးခြင်း။
၂။ အဘယဒါန-အပြစ်ရှိသူကို အပြစ်ဒဏ်ဘေးမှ ချမ်းသာပေးခြင်း။

(၁၄) ဓူရ ၂-ပါး
၁။ ဂန္ထဓူရ-စာပေပရိယတ္တိ သင်အံပို့ခြင်း။
၂။ ဝိပဿနာဓူရ-ဝိပဿနာ ကျင့်ကြံအားထုတ် ပွားများခြင်း။

(၁၅) နိဗ္ဗာန်ပရိယာယ် ၂-ပါး
၁။ သဥပါဒိသေသနိဗ္ဗာန်=ခန္ဓာရှိစဉ် ရအပ်သော နိဗ္ဗာန်၊ (ရဟန္တာအဖြစ်ကို ဆို၏)။
၂။ အနုပါဒိသေသနိဗ္ဗာန်=ခန္ဓာချုပ်ငြိမ်း၍ ပရိနိဗ္ဗာတ်ပြုသဖြင့် ရအပ်သော နိဗ္ဗာကို ဆို၏။

(၁၆) ပညာ ၂-မျိုး
၁။ လောကီပညာ=ဝိဇ္ဇာ, သိပ္ပံ, ပညာ သင်ကြားတတ်မြောက်မှု။
၂။ လောကုတ္တရာပညာ=လောကမှထွက်မြောက်ရန် ကျင့်ရမည်ဖြစ်သော ဝိပဿနာပညာ။

(၁၇) ပညာရှိ ၂-မျိုး
၁။ မိမိ၌ ရှိသောအပြစ်ကို အပြစ်ဟု ရှုသောသူ။
၂။ အမှားကို ဝန်ချတောင်းပန်သည်ကို တရားသဘောအရ လက်ခံသူ။

(၁၈) ပယ်အပ်သော တရား ၂-ပါး
၁။ အဝိဇ္ဇာ=သစ္စာလေးပါး မသိခြင်း တရား။
၂။ တဏှာ=တွယ်တယတပ်မက်ခြင်း တရား။

(၁၉) ပွားများအပ်သော တရား ၂-ပါး။
၁။ သမထ=စိတ်၏ တည်ငြိမ်မှု ရရှိခြင်း။ ဈာန်တရားကို ဆို၏။
၂။ ဝိပဿနာ=အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာသုံးပါးကို အထူးဆင်ခြင်မှု။

(၂၀) ပိုင်းခြား၍ သိအပ်သောတရား ၂-ပါး
၁။ ရုပ်=ထင်ရှားရှိသော ခန္ဓာကိုယ်။
၂။ နာမ်-အာရုံကို သိခြင်းသဘောတရား။

(၂၁) ဘာဝရုပ် ၂-ပါး
၁။ ဣတ္ထိဘာဝရုပ်-မိန်းမ၏အသွင်  ပုံသဏ္ဍာန်။
၂။ ပုမ္ဘာဝရုပ်-ယောက်ျား၏အသွင် ပုံသဏ္ဍာန်။

(၂၂) မသင့်သောအယူ ၂-မျိုး
၁။ သဿတ ဒိဋ္ဌိ=မရှိသည်ကို ရှိသည်ဟူ၍ ထင်မှတ်ခြင်း။
၂။ ဥစ္ဆေဒ ဒိဋ္ဌိ-ရှိသည်ကို မရှိဟူ၍ ထင်မှတ်ခြင်း။

(၂၃) မြတ်စွာဘုရား၏ အရံ ရဟန္တာ ၂-ပါး
၁။ ရှင်သာရိပုတ္တရာထေရ်-လက်ျာရံ။
၂။ ရှင်မေဂ္ဂလာန်ထေရ်-လက်ဝဲရံ။ (အံ)

(၂၄) မြတ်စွာဘုရား၏ အရံ ရဟန္တာ ၂-ပါး
၁။ ခေမာထေရီ-လက်ျာရံ။
၂။ ဥပ္ပလဝဏ်ထေရီ-လက်ဝဲရံ။ (အံ)

(၂၅) ရဟန်းတော်များ ဝါကပ်ခြင်း ၂-မျိုး
၁။ ပုရိမဝါ-ဝါဆိုလပြည့်ကျော် ၁-ရက် ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့ ဝါကျွတ်၏။
၂။ ပစ္ဆိမဝါ-ဝါခေါင်လပြည့်ကျော် ၁-ရက် ဝါကပ်၍ တန်ဆော်ငမုန်းလပြည့်နေ့ ဝါကျွတ်၏။

(၂၆) ရနိုင်ခဲသော ပုဂ္ဂိုလ် ၂-ယောက်
၁။ ရှေးဦးစွာ ကျေးဇူးပြုတတ်သောသူ ရနိုင်ခဲ၏။
၂။ ကျေးဇူးကို သိ၍ တုံ့ပြန်တတ်သောသူ ရနိုင်ခဲ၏။

(၂၇) ရှေးဦးစွာ သရဏဂုံတည်သူ ၂-ယောက်
၁။  တပုဿ။
၂။ ဘလ္လိက-ကုန်သည် ညီနောင်။

(၂၈) လူမိုက် ၂-မျိုး
၁။ မိမိ၌ရှိသောအပြစ်ကို အပြစ်ဟု မရှုသူ။
၂။ အမှားကို ဝန်ချတောင်းပန်သည်ကို တရားသဘောအရ လက်မခံသူ။

(၂၉) လောကပါလတရား ၁-ပါး
၁။ ဟိရီ=မကောင်းမှု ပြုလုပ်ခြင်းမှ ရှက်ခြင်း။
၂။ သြတ္တပ္ပ=မကောင်းမှု ပြုလုပ်ခြင်းမှ ကြောက်ခြင်း။

(၃၀) သမ္ပတ္တိ ၂-မျိုး
၁။ ဘောဂသမ္ပတ္တိ=ဥစ္စာစည်းစိမ် ပေါများ ပြည့်စုံခြင်း။
၂။ ပရိဝါရသမ္ပတ္တိ=အခြွေအရံ ပရိသတ် များပြား ပြည့်စုံခြင်း။

(၃၁) သရဏဂုံ ပျက်ခြင်း ၂-မျိုး
၁။ သာဝဇ္ဇဘေဒ=ဘာသာအယူ ပြောင်းသွား၍ သရဏဂုံ ပျက်ခြင်း ဖြစ်၏။
၂။ အနဝဇ္ဇ သုခဝိပါကဘဒ=သေဆုံးခြင်းကြောင့် နတ်ရွာ သုဂတိသို့ လား၍ သရဏဂံ ပျက်ခြင်း ဖြစ်၏။

(၃၂) သမာဓိ ၂-ပါး
၁။ ဥပစာရ သမာဓိ=အနီးအပါး၌ တည်ာကည်မှု ရရှိခြင်း။
၂။ အပ္ပနာ သမာဓိ=အပ္ပနာဈာန်၌ဖြစ်သော တည်ကြည်မှု ရရှိခြင်း။

(၃၃) သဒ္ဓါတရား၌ စံထားအပ်သော ဥပါသကာ ၂-ယောက်
၁။ စိတ္တသူကြွယ်။
၂။ ဟတ္ထက (ခေါ်) အာဠဝက မင်းသား။

(၃၄) သဒ္ဓါတရား၌ စံထားအပ်သော ဥပါသိကာမ ၂-ယောက်
၁။ ခုဇ္ဇုတ္တရာ ဥပါသိကာမ။
၂။ နန္ဒမာတာ ဥပါသိကာမ (ဝေဠုကဏ္ဍကီရွာသူ နန္ဒမိခင်)

(၃၅) သာဝက ၂-မျိုး
၁။ ပုထုဇဉ် သာဝက-ဘုရားအဆုံးအ၌ တည်သော သာမန်ပုဂ္ဂိုလ်များ။
၂။ အရိယာ သာဝက-အရိယာဂိုဏ်းဝင် ပုဂ္ဂိုလ်များ။

(၃၆) သာသနာ ပျက်စီးခြင်း တရား ၂-ပါး
၁။ မကောင်းသဖြင့် ရအပ်သော မှားသော ပုဒ်ဗျည်း အက္ခရာ။
၂။ မကောင်းသဖြင့် သိအပ်သော မှားသောအနက် အဓိပ္ပါယ်။

(၃၇) သီလ ၂-ပါး
၁။ စာရိတ္တသီလ-မိမိဆိုင်ရာ သီလဖြစ်သော  ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်း။
၂။ ဝါရိတ္တသီလ-ကျင့်ပြီးသော သီလကို မပျက်စေအောင် ကိုယ်တွေ့ကြုံပါက ရှောင်နိုင်ခြင်း။

(၃၈) သစ္စာ ၂-ပါး
၁။ သမ္မုတိ သစ္စာ-လူ, နတ်, ဗြဟ္မာ, ရေ, မြေ, တော, တောင်, သမုဒ္ဒရာ ဟု ပညတ် မှန်ကန်ခြင်း။
၂။ ပရမတ္ထ သစ္စာ-နိဗ္ဗာန်ဟု ပတ် မှန်ကန်ခြင်း။

(၃၉) သုတ္တံ ၂-မျိုး
၁။ သဘာဝသုတ္တံ-မြတ်စွာဘုရားလက်ထက်၌ မျက်မှောက် ဖြစ်ပျက်ပုံကို ဟောကြားမှုများကို ဆို၏။
၂။ အဘာဝသုတ္တံ-မျက်မှောက်မရှိ အတိတ်ကိုဆောင်၍ ဟောကြားမှု။ (၅၅၀-ဇာတ်များ)

(၄၀) သန္တာန် ၂-ပါး
၁။ အဇ္ဈတ္တသန္တာန်-မိမိကိုယ်အတွင်း၌ရှိသော ပုံသန္တာန်။
၂။ ဗာဟိရသန္တာန်-အပြင်အပ၌ရှိသော ပုံသန္တာန်။

(၄၁) မယားနှင့်လင် အပြစ်မတင်အပ်သော တရား ၂-ပါး
၁။ မယားနှင့်လင်၊ အပြစ်တင်၊ နေ့စဉ်မလွဲ ရန်ဖြစ်မြဲ။
၂။ လင်နှင့်မယား၊ မေတ္တာပွား၊ ကြီးမားလွန်ကဲ ချမ်းသာမြဲ။

(၄၂) တပည့် ဆရာ အပြစ်မရှာသင့်သော တရား ၂-ပါး
၁။ တပည့် ဆရာ၊ အပြစ်ရှာ၊ ဘယ်ခါမလွဲ တွေ့စမြဲ။
၂။ ဆရာတပည့်၊ ကျေးဇူးသိ၊ ကြီးဘိလွန်ကဲ ချမ်းသာမြဲ။

(၄၃) ရှေးဦးဆရာ မည်ထိုက်သူ ၂-ဦး
၁။ အမိ
၂။ အဘ
 မေမေ, ဖေဖေ, မံမံ, ချိုချို, ကိုကို, မမ, ဖိုးဖိုး, ဖွားဖွား, စသည်အားဖြင့် ကလေးငယ်အား လိမ္မာသည့်စကား ဖြစ်စေ၊ မလိမ္မာသည့် စကားဖြစ်စေ၊ တတ်သိနားလည်အောင် ရှေးဦးစွာ သင်ပေးသူမှာ အမိနှင့် အဖသာ ဖြစ်ပေသည်။ (သို့ကြောင့်) “ရှေးဦးဆရာ၊ မည်ထိုက်စွာသား၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ ”ဟူ၍ စာဆိုရှိခဲ့ပေသည်။
မှတ်ချက်။ ။ ပုဗ္ဗ-သဒ္ဒါသည် ရှေးဦးစွာဟု ဟော၏။ အာစရိယ-သဒ္ဒါသည် ဆရာ-ဟု ဟော၏။

(၄၄) စွပ်စွဲတတ်ကြောင်း ၂-မျိုး
၁။ မရှိ ခိုးနိုး။
၂။ မလှ စုံးမျိုး။

(၄၅) ပုထုဇသ် ၂-မျိုး
၁။ ကာလျာဏ ပုဖုဇဉ်-ကံ ကံ၏အကျိုးကို ယုံကြည်သူ။
၂။ ဗာလ ပုထုဇဉ်-ကံ ကံ၏အကျိုးကို မယုံကြည်သူ။

(၄၆) ပြင်မရသော အရာ ၂-မျိုး
၁။ အတိတ်ကံ နှင့်
၂။ ဝမ်းတွင်းပါ ဗီဇ-ပြင်မရ။

(၄၇) မြန်မာပြည်သို့ သာသနာ ယူဆောင်လာသော မထေရ် ၂-ပါး
၁။ အရှင်ဥတ္တရ မထေရ်။
၂။ အရှင်သောဏ မထေရ်။

(၄၈) သိမ် ၂-မျိုး
၁။ ဗဒ္ဓသိမ်-ဉတ်ကမ္မဝါစာတို့ဖြင့် ဖွဲ့စည်းအပ်သော သိမ်။
၂။ အဗဒ္ဓသိမ်-သူ့အလိုအလျောက်ဖြစ်သော သိမ်။

နိဋ္ဌိတံ
စိန္တာမဏိ ဦးချစ်မောင်






Sunday, February 19, 2012

၁-ပါးသော တရားများ

၁။ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အရပ်သည် (နိဗ္ဗာန်တရား) ၁-ပါးသာရှိ၏။ (အံ-ဧကက)
၂။ သာရမ္ဘကမ္ဘာ၌ (ဘုရား) ၁-ဆူသာလျှင် ပွင့်တော်မူ၏။(အံ-ဧကက)
၃။ တဆလာကထဲ၌ စကြာမင်း ၂-ပါး မရှိကောင်း၊ ၁-ပါးသာလျှင် ဖြစ်တော်မူ၏။ (အံ-ဧကက)
၎။ ဧကော ဓမ္မော-တရားသည် အဓိက, တရားသည် ပဋ္ဌာန်, တရားသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှု ၁-ခုတည်းသာ ဖြစ်၏။ (အံ-ဧကက)
၅။ ဧကဝေါကာရ-ရုပ်ခန္ဓာ ၁-ပါးသာရှိသော အသညသတ် ဗြဟ္မာဘုံ သက်တမ်း ကမ္ဘာ-၅၀၀ ရှိ၏။(အံ-ဧကက)
၆။ စိတ်သည် လျင်မြန်စွာ ပြောင်းလဲတတ်၏။ စိတ်လောက် လျင်မြန်သော အရာသည် နောက်တခု မရှိပြီ။(အံ-ဧကက)
၇။ ရဟန်းဝါ ရင့်ကုန်သော ရဟန်းတို့တွင် အညာသိကောဏ္ဍည ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၈။ ကြီးသောပညာနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်သာရိပုတ္တရာ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၉။ တန်ခိုးကြီးခြင်းနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်မောဂ္ဂလာန် ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၀။ ဓတင် ၁၃-ပါးနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်မဟာကဿပ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၁။ ဒိဗ္ဗစက္ခုအဘိညာဉ်နှင့်ပြည့်စုံသော တပည့်ရဟန်းတိုပတွင် ရှင်အနုရုဒ္ဓါ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၂။ ကိုယ်များစွာ ဖတ်ဆင်းတတ်သော တပည့်ရဟန်းတို့တွင် ရှင်စူဠပန္ထက ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၃။ လာဘ်လာဘများသော တပည့်ရဟန်းတို့တွင် ရှင်သီဝလိ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၄။ သဒ္ဓါတရား ချစ်ခင်မှုနှင့်ပြည့်စုံသော တပည့်ရဟန်းတို့တွင် ရှင်ဝက္ကလိ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၅။ လျင်စွာ မဂ်ဖိုလ်အသိညာဏ်ရသော တပည့်ရဟန်းတို့တွင်  ဗာဟိယဒါရုစိရိယ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၆။ အနာရောဂါကင်းသော တပည့်ရဟန်းတို့တွင် ရှင်ဗာကုလ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၇။ ဝိနည်းကို ဆောင်နိုင်သော တပည့်ရဟန်းတို့တွင် ရှင်ဥပါလိ ၁-ပါးသာလျှင် ရှိတော်မူ၏။(အံ-ဧကက)
၁၈။ ခုနစ်နှစ် သမီးအရွယ်တွင် ရဟန္တာမ ဖြစ်သော သူတို့တွင် ဧကုပေါသထ ၁-ပါးသာလျှင် ရှိ၏။(အံ-ဧကက)
၁၉။ ကြီးမြတ်သော ပညာနှင့် ပြည့်စုံသော တပည့်ရဟန်းမိန်းမတို့တွင် ခေမာထေရီ ၁-ပါးသာလျှင် ရှိ၏။(အံ-ဧကက)
၂၀။ တန်ခိုးကြီးခြင်းနှင့်ပြည့်စုံသော တပည့်ရဟန်းမိန်းမတို့တွင် ဥပ္ပလဝဏ် ထေရီ ၁-ပါးသာလျှင် ရှိ၏။(အံ-ဧကက)
၂၁။ ဝိနည်းကို ဆောင်နိုင်သော တပည့်ရဟန်းမိန်းမတို့တွင် ပဋာစာရီထေရီ ၁-ပါးသာလျှင် ရှိ၏။(အံ-ဧကက)
၂၂။ တရားဟောရာ၌ တတ်စွမ်းသော တပည့်ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာ ထေရီ ၁-ပါးသာလျှင် ရှိ၏။(အံ-ဧကက)
၂၃။ လှူဒါန်းမှု၌ မွေပလျော်သော သူတို့တွင် သုဒတ္တ(ခေါ်) အနာထပိဏသူဌေး ၁-ဦးသာလျှင် ရှိ၏။(အံ-ဧကက)
၂၄။ ရှေးဦးစွာ သရဏဂုံတည်သော ဥပါသိကာမတို့တွင် သေနိယသူဌေး သမီး သုဇာတာ ၁-ယောက်သာလျှင် ရှိ၏။(အံ-ဧကက)
၂၅။ အလှူဖြင့်ေ မွ့လျှော်သော ဥပါသိကာမတို့တွင် ကျောင်းအမ ဝိသာခါ ၁-ယောက်သာလျှင် ရှိ၏။(အံ-ဧကက)
၂၆။ အကြားအမြင်များသော ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာ ၁-ယောက်သာလျှင် ရှိ၏။(အံ-ဧကက)
၂၇။ မေတ္တာစိတ် ပွားများလေ့ရှိသော ဥပါသိကာမတို့တွင် သာမာဝတီ ၁-ယောက်သာလျှင် ရှိ၏။(အံ-ဧကက)
၂၈။ သူနာကို လုပ်ကျွေးပြုစုတတ်သော ဥပါသိကာမတို့တွင် သုပ္ပိယ ၁-ယောက်သာလျှင် ရှိ၏။(အံ-ဧကက)
၂၉။ မိန်းမ၏ အဆင်းလောက် ယောက်ျား၏စိတ်ကို ဆွဲဆောင်နိုင်သော အခြားအဆင်းတခုသည် မရှိပြီ။(အံ-ဧကက)
၃၀။ မိန်းမ၏ အသံလောက် ယေကျာ်း၏ စိတ်ကို ဆွဲဆောင်နိုင်သော အခြား အသံတခုသည် မရှိပြီ။(အံ-ဧကက)
၃၁။ မိန်းမ၏ အနံ့လောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုင်သော အခြားအနံ့တခုသည် မရှိပြီ။(အံ-ဧကက)
၃၂။ မိန်းမ၏ အရသာလောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုင်သော အခြားအရသာတခုသည် မရှိပြီ။(အံ-ဧကက)
၃၃။ မိန်းမ၏ အတွေ့လောက် ယောက်ျား၏ စိတ်ကို ဆွဲဆောင်နိုင်သော အခြားအတွေ့တခုသည် မရှိပြီ။(အံ-ဧကက)
ထို့အတူ မိန်းမ၏စိတ်ကို ဆွဲဆောင်နိုင်သော ယောက်ျား၏ အဆင်း စသော ၅-ပါးသည် ၌အတိုင်းပင်တည်း။
၃၄။ (သညာ ၁-ပါး)
စားအပ်သော အစာ၌ စက်ဆုပ်ဖွယ်အဖြစ်ကို ဆင်ခြင်မှတ်သော အမှတ်သညာ။
၃၅။ (ဝဝတ္ထာန် ၁-ပါး)
မိမိကိုယ်၌ရှိသော ဓာတ် ၄-ပါးကို မှတ်ခြင်းဖြင့် ရှုဆင်ခြင်၍ ဆုံးဖြတ်ခြင်း။
၃၆။ (အသိခက်ဂါထာ ၁-ခု)
မေတ္တာ သတ္တော အနန္တော (မေတ္တာ သဒ္ဒေါ အနန္တော-ဟုလည်းရှိ၏)
မေတ္တာ သတ္တော-မေတ္တာစိတ် ထားအပ်သော (ညွတ်အပ်သော) သတ္တဝါသည်၊
အနန္တော-မည်၍မည်မျှ ဟူ၍ ရေတွက်၍ မရနိုင်ပါတကား။

စိန္တာမဏိ ဦးချစ်မောင်-ပြုစုသော
ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ-မှ

Saturday, February 18, 2012

လောကီမင်္ဂလာ (၁၂)ပါး

၁။ ဝိဇာတ မင်္ဂလာ=ပဋိသန္ဓေမှ ဖွားမြောက် အောင်မြင်ခြင်း။
၂။ မုခဒဿန မင်္ဂလာ=ဖွားပြီး သုံးရက်မြောက်သောကာလ ရတနာသုံးပါးနဲ့ ဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်ခြင်း။
၃။ ကေသစ္ဆေဒန မင်္ဂလာ=(ရ)ရက်မြောက်သောနေ့၌ ဆံပင်ရိတ်ခြင်း။
၎။ ဒေါလာကရဏ မင်္ဂလာ=ကောင်းမြတ်သောနေ့၌ ပုခက်အေးယာဉ် တင်ခြင်း။
၅။ တမ္ဘုလပတ္တ မင်္ဂလာ=(၇၅၀ရက်မြောက်သောနေ့၌ ကွမ်းဦးခွံ့ခြင်း။
၆။ ရဝိန္ဒုဒဿန မင်္ဂလာ=(၃)လမြောက်သောန့၌ နေ,လ တို့ကို ပြခြင်း။
၇။ နာမကရဏ မင်္ဂလာ=ရက်ပေါင်း ၁၀၀-မြောက်သောနေ့၌ အမည်မှည့်ခြင်း။
၈။ ပထမဘတ္တ မင်္ဂလာ=ခြောက်လပြည့်က ထမင်းဦးခွံ့ခြင်း။
၉။ ကေသဗန္ဒန မင်္ဂလာ=သင့်တင့်လျောက်ပတ် အရွယ်၌ ဆံဖွဲ့ထုံးခြင်း။
၁၀။ ကဏ္ဏဆိန္ဒ မင်္ဂလာ=သင့်တင့်သောအရွယ်၌ နားထွင်းခြင်း။(ကဏ္ဏဝိဇ္ဈန မူကွဲရှိသည်)
၁၁။ သာသနာနုဂ္ဂဟ မင်္ဂလာ=ချိန်ရွယ်ကျရောက်သောအခါ သာသနာဘောင်သို့ သွတ်သွင်းခြင်း။
၁၂။ အာဝါဟ ဝိဝါဟ မင်္ဂလာ=ချိန်ရွယ် ကျရောက်သောအခါ ထိမ်းမြားရခြင်း။